Skip to content

T-N9/tn-porfolio-frontend

Folders and files

NameName
Last commit message
Last commit date

Latest commit

 
 
 
 
 
 
 
 
 
 
 
 
 
 
 

Repository files navigation

Introduction

ကျွန်တော်တို့ web development နှင့် programming နယ်ပယ်မှာ လုပ်ငန်းခွင်ဝင်တော့မယ်ဆိုရင် challenge တခု သို့မဟုတ် ကိုယ့်ကိုကိုယ်ဆန်းစစ်စရာတခု ရှိလာတတ်ပါတယ်။ အဲ့တာကတော့ ကျွန်တော်တို့ လုပ်ကိုင်မယ့်အပိုင်း နဲ့သက်ဆိုင်တဲ့ skill, experience နှင့် project တွေကို ကောင်းကောင်းမွန်မွန်ချပြနိုင်မယ့် portfolio တခု ရှိပြီလား ဆိုတာပါဘဲ။ ယနေ့ခေတ်လို Digital era မှာ ကိုယ့်ရဲ့ businessကို websiteတွေ၊ digital platform တွေမှာ promote လုပ်လာကြပါပြီ။ ကျွန်တော်တို့ရဲ့ စျေးကွက် နဲ့ scopeကို international အထိ ချဲ့ထွင်လာကြတဲ့အခါမှာ မိမိပေးမယ့် service နဲ့ မိမိရဲ့ အရည်အချင်းဟာ targeted customer တွေရဲ့မျက်လုံးမှာ ကောင်းမွန်စွာ presentation ပြနိုင်ဖို့လိုအပ်လာပါတယ်။ အခုဆိုရင် photographerတွေ graphic designerတွေလည်း ကိုယ်ပိုင် websiteနဲ့ serviceတွေကို promoteလုပ်လာကြပါပြီ။

Development

ကျွန်တော်က အခုလက်ရှိမှာ front-end developementကို React.js နဲ့လုပ်နေတာကြောင့် portfolioကိုလည်း React.jsနဲ့ဘဲ ရေးဖြစ်ခဲ့ပါတယ်။ ကျွန်တော်က junior levelဖြစ်တာကြောင့် job experience သိပ်မရှိဘဲ personal projectတွေကို အားထားပြီး ကိုယ့်ရဲ့ ideaနဲ့ developmentအပိုင်းကို အလေးပေးချပြချင်တာပါ။ ဒါကြောင့် full-timeဘဲလုပ်လုပ် freelanceဘဲလုပ်လုပ် အဆင်ပြေနိုင်အောင် ကျွန်တော့် portfolio ကို designချပြီး stand outဖြစ်အောင် အတတ်နိုင်ဆုံးစဉ်းစားခဲ့ပါတယ်။ လုပ်ထားတဲ့ personal projectတွေမှာ ကျွန်တော် ဘယ်လိုတွေးခဲ့ပုံ၊ ဘယ်လို techတွေအသုံးပြုခဲ့ပုံ နှင့် design scene ဘယ်လိုရှိခဲ့သလဲ ဆိုတာတွေကို userတွေအနေနဲ့လည်း ဖတ်ရှုအကြံပေးနိုင်အောင် ရည်ရွယ်ထားပါတယ်။

Planning and preparation

Portfolio Research

Front-end developmentအပိုင်းကို specializeလုပ်နေပေမယ့် UIUX အပိုင်းကို အတတ်နိုင်ဆုံးကြိုးစားပြီးလုပ်ကြည့်ပါတယ်။ UIUXကို တစိုက်မတ်မတ် မလေ့လာဖူးတာကြောင့် design inspireဖြစ်အောင် နှင့် စဉ်းစားတတ်လာအောင် ကိုယ်လုပ်ဆောင်နေတဲ့ applicationနဲ့ ပက်သက်ပြီး တခြား developerတွေ designerတွေ ရဲ့ လုပ်ဆောင်ပုံတွေကို လေ့လာပါတယ်။ စု - တု - ပြု ဆိုတဲ့အတိုင်း အချက်အလက်တွေ articleတွေကို စုစည်းဖတ်ရှုခဲ့ပါတယ်။ ရရှိလာတဲ့ အသိသညာ နဲ့ ကျွန်တော့်အနေနဲ့ ဘယ်လိုမျိုး designချရမလဲ၊ တုပ ပြီးလုပ်ဆောင်ရင်လည်း ဘယ်လို ပြန်ပြီးကွဲထွက်ရမလဲဆိုတာ လေ့လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကိုယ်ပိုင် ပြုလုပ်ခြင်းအပိုင်းကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

What are the techs?

React ကိုအဓိကအသုံးပြုထားပြီး stylingအတွက် SCSS, content managementအတွက် Sanityကို အသုံးပြုထားပါတယ်။

enter image description here

View more on my portfolio.