Auto Myanmar Font Detector ဟာ Android အက်ပလီကေးရှင်းများ ရေးသားနေသူ Developer များ အတွက် မိမိ App မှ အသုံးပြုသူ၏ ဖုန်းတွင် အသုံးပြုထားသော မြန်မာစာစနစ်သည် ဇော်ဂျီလား ယူနီကုဒ်လား ဆိုသည်ကို အလိုအလျောက် သိအောင် အလုပ်လုပ်ပေးသော class တစ်ခု ဖြစ်ပါသည်။
App ကို ပထမဆုံးအကြိမ် အသုံးပြုချိန်မှာ မိမိ App မှာ ပါရှိမယ့် View ( LinearLayout (သို့) RelativeLayout) တစ်ခုထဲကို TextView တစ်ခုကို programatically ဖန်တီး လှမ်းထည့်ပြီး အဲ့ဒီ TextView ကို ဇော်ဂျီ/ယူနီကုဒ် တစ်ခုခုဖြင့် စာလှမ်းရေးပြီး အဲ့ဒီစာကို ဇော်ဂျီလို ပေါ်လား၊ ယူနီကုဒ်လို ပေါ်လားဆိုတာ ကြည့်ကာ SharedPreferences မှာ သိမ်းပါတယ်။
နောက်တစ်ခါ App ကို ဖွင့်တိုင်း ဒီ SharedPreferences တန်ဖိုးကို ကြည့်ပြီး ဇော်ဂျီ၊ ယူနီကုဒ် ခွဲခြားပြီး အလုပ်လုပ် ပေးပါတယ်။
မိမိ App မှာ 'Context' ရနိုင်တဲ့ နေရာကနေ LinearLayout (သို့) RelativeLayout တစ်ခုခုကို View´ တစ်ခု အနေနဲ့ ထည့်ပေးလိုက်ပြီး AutoMyanmarFontDetector` instance ကို အစောဆုံး ဖန်တီး ခေါ်ယူထားလိုက်ပါ။ ဥပမာ -
public class MainActivity extends Activity
{
public static AutoMyanmarFontDetector mFontDetector;
@Override
protected void onCreate(Bundle savedInstanceState)
{
super.onCreate(savedInstanceState);
setContentView(R.layout.main);
View layout = findViewById(R.id.layoutView);
mFontDetector = new AutoMyanmarFontDetector(this,layout);
}
}ဒီလို ဖန်တီးယူပြီးတဲ့နောက် ရလာတဲ့ instance ကနေ မိမိက ဇော်ဂျီသုံး ရေးနေတာ ဆိုရင် writeZawgyi("မင်္ဂလာပါ။") method ဖြင့်၊ မိမိက ယူနီကုဒ်သုံး ရေးနေတာဆို 'writeUnicode("မင်ျဂလာပါ။")' method ဖြင့် မိမိစာရေးချင်တဲ့ နေရာမှာ သာမန် ရေးသွားသလို အသုံးပြုပါ။ ဥပမာ -
ဇော်ဂျီဖြင့် ရေးနေသူက -
textview.setText(mFontDetector.writeZawgyi("မင်္ဂလာပါ။"));
button.setText(mFontDetector.writeZawgyi("ပိတ်ရန်"));ယူနီကုဒ်ဖြင့် ရေးနေသူက -
textview.setText(mFontDetector.writeUnicode("မင်္ဂလာပါ။"));
button.setText(mFontDetector.writeUnicode("ပိတ်ရန်"));ဟု ရေးလိုက်မယ် ဆိုရင် အဲ့ဒီ TextView အဲ့ဒီ Button တို့မှာ ဖုန်းမှာ အသုံးပြုနေတဲ့ မြန်မာစာကို လိုက်ပြီး ဇော်ဂျီ၊ ယူနီကုဒ် မှန်မှန်ကန်ကန် ပေါ်နေစေအောင် AutoMyanmarFontDetector instance မှ အလုပ်လုပ်ပေး သွားပါလိမ့်မယ်။